jump to navigation
မနက်ဖြန်ရဲ့ ပုံပြင် January 1, 2010
Posted by sam-yomahlaing in 1, အမှတ်တရ ပုံရိပ်များ.
add a comment
မနက်ဖြန်ရဲ့ ပုံပြင်
 ခွေးဟောင်သံ။ဘဲအော်သံ။ ခလေးငိုသံတွေနဲ့  ရောင်နီမလာခင် နံနက်ခင်းတခု အစပျိုးခဲ့ပြန်ပြီ။ ဒီအချိန်မှာ တော့ အခန်းကျဉ်းလေး တခု ထဲက သူငယ်ချင်းတစ်ယောက် တင်ပလ္လင် ခွေပြီး တရားထိုင်နေလောက်ရောပေါ့။ ကျနော်ကတော့ အိပ်ယာထဲကွေးပြီး သွေးစုတ်ဖုတ်ကောင် တွေနဲ့ ဝံပုလွေ တို့ ရဲ့ အကြောင်းကို စဉ်းစားနေမိတယ်။ ကူးစက်တတ်တဲ့ ရောဂါ ဆိုးကြီးတစ်ခုလို  တစ်ကောင်ပြီး တကောင်ပြီးတကောင်။ တယောက်ပြီးတယောက် ဗွက်ပေါက်နေတဲ့ အဝေး ပြေး လမ်းမ ကြီးထက်မှာ ၀င်လာလိုက်ထွက်သွားလိုက်ကြနဲ့ ။ ရာဇ၀င်တွေကလဲ အရင်အတိုင်း၊ မပြောင်းမလဲ။ ဒီလိုနဲ့ ဘဲ ပြောင်းလဲ ချင်သူတို့ ရဲ့ မနက်ဖြန်ပုံပြင်ဟာ မနေ့ ကလို ပါဘဲ လို့ စဉ်းစားလာမိခဲ့တယ်။ကုန်ခဲ့တဲ့ (၁၀) စုနှစ်က
တက်တက်ကြွကြွ နဲ့ အရာရာကို စူးစမ်း။ အခန်းတခန်းထဲ အတူနေ။ သူ့ အမေ ကိုယ့်အမေ၊ သူ့ ငွေ ကိုယ့်ငွေ။ အပြန်အလှန် ဒဏ်ရာတွေနဲ့ လဲ မထိတွေ့ ရသေး။တို့ တတွေ လဘက်ရည်ကို ဝေသောက်ဖူးသလို ။ ဆေးလိပ်တိုကို မျှရှူ၊ အပူအပင် ဆိုတာတွေက တော့ တို့ နဲ့ ခပ်ဝေးဝေး၊၊တွေးတယ်ဆိုရုံဘဲ တွေးတတ်ခဲ့ကြတယ်။ ဆွေးနွေးလိုက်၊ ငြင်းခုန်လိုက်၊ ကဗျာလို လို
စာလိုလို  နဲ့ ကဗျာမပီ စာမပီ နိုင်မဲ့ အဖြစ်ဆိုးတွေ ရောက်လာနိုင်တာကို လဲ တွေးတတ်ခဲ့ကြသား။
             ကောင်မလေး တယောက်ကို အတူတူ ကြိုက်ခဲ့ကြပေမယ့် ဘာသာကြီး ၄ ခု မှာတော့ တယောက်တမျိုးစီ ဇာတ်ပျက်နေခဲ့ကြတယ်။ လူတိုင်းဟာ ၀ံပုလွေ တကောင်အဖြစ်မွေးဖွါးလာတာ
မဟုတ်ဘူး ဆို တဲ့ သစ္စာနီ ရဲ့ အကုသိုလ်ပန်းများထဲက ကဗျာစာသားကို အကောင်းမြင်နှလုံးသားနဲ့ ခံစား သဘောကျခဲ့ကြပေမယ့် ၀ံပုလွေ တော်တော်များများ ရှိတဲ့နေရာကို တော့ တို့ တတွေ အတူတူ ရောက်သွားခဲ့ကြတယ်။
  မိုးကောင်းကင်ကို ကျောပေးမထားကြတဲ့ ၀ံပုလွေတွေ။ အ           မျိုးမျိုးအစားအစား။ ပန်းချီသမား မင်းကတော့ အရောင်တွေ နဲ့ 
 အမျိုးအစားခွဲထားလေမလား။ နောင်တချိန် ပြန်တွေ့  ခွင့်ရှိတဲ့အခါတော့ ငါ   မေးချင်သေးတယ်။ အကုသိုလ်ပန်းတွေ ကလဲ အစီ အရီ။ ရာသီ                                                              
ရွေး ပွင့်ဘဲ ပွင့်နိုင်လွန်းတဲ့နေရာ။   ငါကတော့ အကုသိုလ် ပန်းတွေ ပွင့်တဲ့နေရာတိုင်းမှာ ၀ံပုလွေတွေ နဲ့ သွေးစုတ်ဖုတ်ကောင်တွေ ကျက်စားမှာဘဲလို့ တွေးမိခဲ့သား။
 အဖြူ ရောင် အရိုင်းတောက မာယာတွေ မပါတဲ့ မျက်နှာတွေ စုဝေးရာ တို့ ရဲ့ အခန်းကျဉ်းလေးထဲက ကမ္ဘာထဲမှာတော့ အေးအတူ ။ ပူအမျှ။ ဖေးထူ ကူမ။ ရှိတာကို ဝေ မျှ။ မညီမျှမှု လဲမရှိ။ တရား မ မှု လဲ မရှိ။
            ဒီတော့လဲ ငါတို့ ၇ဲ့ ဒဏ်၇ာတွေ က အားဆေးဖြစ်။ ငါတို့ ၇ဲ့ ဝေဒနာတွေက ငါတို့ ကို အားပေး ဟိုဝေးဝေး က မိုးကောင်ကင် ဟာ မနက်ဖြန်မှာ ဘဲ ရောက်တော့မလိုလို။ ယူတိုပီးယား
စိတ်ကူးတွေ နဲ့ တည်ဆောက်ခဲ့ကြ။ ချီတက်ခဲ့ကြ။ အလ္လာ အရှင်ရယ် ။ ခရစ်တော်၇ယ် ။ ကံ ကံ၏
အကျိုးရယ် တို့ လေးယောက်နဲ့ သဘောတူညီ မှုရခဲ့တယ်။
           ဒါပေမယ့် ၀ံပုလွေတွေ အုံနဲ့ ကျင်းနဲ့  အစားမာန် ခုတ်ကြတဲ့တနေ့ မှာ ငါတို့ တတွေ ဒဏ်၇ာတွေ ကိုယ်စီနဲ့ တယောက်တနေရာစီ။ လွင့်မျောခဲ့ကြပေါ့။ ရိုးမတောင်ခြေနားမှာ နေတဲ့ငါက
တောင်တန်းတွေနဲ့ ဝေးပြီး သင်္ဘောဥသြသံတွေ ကြား၇တဲ့ နေရာလေးကို ရောက်ချိန်မှာတော့ ဧ၇ာဝတီနဲ့ နီးနီးနေတဲ့ မင်းတို့ က ပူနွေးအိုက်စပ်တဲ့ တစ်နေ၇ာကိုေ၇ာက်လိုေ၇ာက်။
            ကျောင်းတုန်းက ငါ တို့ လေ့လာေ၇း မထွက်ခဲ့ရသမျှ ငါ တို့ ရဲ့ အမေတွေ မြန်မာပြည်ကို ပတ်ပြီး လိုက်တွေ့ ကြရပေါ့။အဖြူ ရောင်ပန်းရိုင်းတွေ သုတေသန ပြု ကြ။ အသက် (၅၀)ကျော်မှ ရန်ကုန်ရောက်ဖူး၇တဲ့ ငါ့ အမေ။ ရွှေတိဂုံ အောင်မြေကိုေ၇ာက်ခဲ့မရောက်ခဲ့ ဆိုတဲ့ကိစ္စ ကတော့ ဒီနေ့ ထိ ငါ မသိရသေးတဲ့ အဖြစ်။ တစ်ခါ တခါ အိပ်မက်ထဲမှာမေးကြည့်ရင်တော့ အမေပြုံးးနေ တတ်ရဲ့ ။
          အဲဒီပင်လယ်နားက မြို့ ကလေးမှာ တိမ်လွှာတွေ စီးပြိး ခ၇ီးရှည်ထွက်ချင်တဲ့ ဝေဒနာကို ငါခံစားတတ်ခဲ့တယ်။ မင်းကတော့ မာယာနည်းတဲ့ ၀ံပုလွေတွေကို အရောင်ခွဲ ရင်း အကုသိုလ် ပန်းတွေ ပွင့်တဲ့ အဖြူရောင် အ၇ိုင်းတောတွေ တခုပြီးတခု ဖြတ်သန်းခဲ့ချိန်မှာတော့ ငါ က တိမ်တွေနဲ့ အတူ လွင့်မျောခဲ့၇တယ်။
          ဒီလိုနဲ့ ငါ က နောက်တနယ်ကို ရောက်တဲ့အချိန်မှာ နောက်တယောက်ကတော့ မင်းတို့ ဆီကို နှစ်ရှည်ဗီဇာ နဲ့ လိုက်လာလေရဲ့ သူငယ်ချင်းရေ။
              ပဒေသာပင်တွေ ပေါက်တဲ့နေ၇ာလား။ ရေသန့် သန့် တွေ သောက် ပြီးလေသန့် သန့် တွေ ရှူတဲ့နေရာလား။ လားပေါင်းများစွာ အမေးတွေနဲ့  ကာလတခု ကို အရောက်မှာတော့ တချို့ က မုန့် စားရင် လှည်းစီးကြ။ တချို့ ကလဲ ဖောင်စီးရင်း ရေ ငတ်ကြ။ ဘ၀ တွေ ။ ဘ၀တွေ။
             အတွေးသစ်။ အမြင်သစ်။ ဒဏ်ရာ အသစ်။ ဒေါသ အသစ် ……..နဲ့ ဘ၀ အသစ်တွေနဲ့ 
ငါကြုံခဲ့ရပေမယ့် အိပ်မက်တွေ ကတော့ အဟောင်းပါဘဲ သူငယ်ချင်း။ ဘ၀ရဲ့ ပုံသ¾ာန်ပျက်ခွက်တွေထဲမှာ အလိုက်သင့်ကျနိုင်ရေး အတင်းအဓမ္မ အရည်ပျော်ပြရလွန်းတော့လဲ
တချို့ သိက္ခါတွေ ပွန်းပဲ့။တချို့ ကလဲ လျှာပေါ် မြက်မပေါက်ရေး သီအိုရမ်တွေ နဲ့ လေဟာနယ်မဲ့ အစာအိမ်ကို ဒေါသတွေ နဲ့ ဖြည့်တင်း ကားချပ်နဲ့ ဆုံချက်စိတ်ပျက်ဖွယ် သဘောထားကွဲခဲ့ကြတဲ့ ဘ၀တွေ။
            ငါကရော။ ကိုသြဒိနိတ် မဟုတ်တဲ့ ဒိုင်မင်းရှင်းတခု မှာ မပြိုင်မဖြတ်မျဉ်း တကြောင်းအဖြစ် စိတ်ကူးအတွေးတွေကို အဖြေမထုတ်နိုင်သေးတဲ့ လူ တယောက် ။ အရွေ့ မရှိတဲ့အားစိုက်မှု တွေ နဲ့  အချိန်တွေ ကို ဖြုန်းတီး။ အရှုံးကြိး ရှုံးနေတဲ့ ကစားသမားတယောက်ဟာ ငါဖြစ်နေခဲ့ပြီလား။
         သူငယ်ချင်းတို့ေ၇
တယောက်တနေရာက လာပြီး အဆောင်တခု မှ စုမိခဲ့တဲ့ ငါတို့ ။
တယောက်တဘာသာ ကွဲပြားကြပေမယ့် ၀ံပုလွေတွေကို အတူတူ မုန်းခဲ့ကြ။ သွေးစုတ် ဖုတ်ကောင်တွေကို ရွံ ခဲ့ကြတယ်။ မာယာများတဲ့ ကစားဝိုင်းတွေ ကို မုန်းတတ်ကြပေမယ့် သစ္စာတရားကို ချစ် ။ မေတ္တာ တရားကို ချစ်။ လူသားတွေကို ချစ်ခဲ့ကြတယ်။ ဒါပေမယ့်လဲ အကုသိုလ် ပန်းတွေဝေတဲ့ တောအုပ်ကို တော့ ငါမုန်းတတ်ခဲ့ပြီ သူငယ်ချင်း။ မနက်ဖြန်တွေရဲ့ ပုံပြင်တွေထဲမှာငါ ဇာတ်ဆောင်တယောက်အနေနဲ့ မပါ ဖြစ်တော့ရင် လဲ နားလည်ပေးကြပါ။ ခွေးဟောင်သံတွေကြားတိုင်း စစ်ခွေးတိုက်ကို သတိ၇တတ်တဲ့ငါ။ သစ္စာရှိတဲ့ သတ္တ၀ါ  တကောင်ဖြစ်တဲ့ ခွေးကို လူသားဆန်စွာ ငါ ချစ်တတ်ချင်ပြီ သူငယ်ချင်း။
ဘယ်လမ်းရွေး မလဲဟေ့ ယောက်ဖရေ January 1, 2010
Posted by sam-yomahlaing in 1.
add a comment
ယောက်ဖရေ။ နုတ်ခမ်းတွေ အကြောသေကုန်မှတော့ နုတ်ဆိတ်မှုတွေ အတွက် အံ့သြ မနေ တော့ပါဘူး။ကောက်ရိုးခြေထောက် မြက်ခြေထောက်အော်ရင်း ဘယ်လက်နဲ့ ညာလက်ကိုမခွဲ ခြားနိုင်ခင် ကတည်းက ခြုံ ခုတ်တဲ့ အထဲ လဲ ပါခဲ့ ။ မြက်ရှင်းတဲ့ အထဲလဲ ပါခဲ့ ။ပုလင်းကွဲတောင်ရှခဲ့ ကြသေးတယ်မဟုတ်လား။ တကယ်တော့ ဒီလမ်းက ဘကြီ ငဘ တို့  ဖောက်ခဲ့တဲ့လမ်း။ဒီအချိန်ထိ ဘာများဖြစ်လာသေးလို့ တုန်း။ ဦးကြီးခေါ်ပြိး သမီးတောင်းတတ်တဲ့ အကောင်တွေလ က်မှာ ပန်းကောင်းတွေ အညွန့် ကျိုးခဲ့ တာလဲ ဒုနဲ့ ဒေး။
ယောက်ဖ ရေ။ ငါက တော့ အိုင်တီ ဆိုတာ ငါးစာမဟုတ်ကြောင်းမင်းထက် စာရင် ပိုသိခဲ့ပြီ။ တံတားအောက်မှာရေတွေ အများကြိးစီးသွားခဲ့ကြောင်းပြောရင် မယားကြောက်တာ အခြေအနေအများကြီးကောင်းကြောင်းမင်းပြန်ကလိလေမလား။
မင်းကတော့ ဘကြီးငဘ ရဲ့  ဘ၀ကို လမ်းပြမြေပုံအဖြစ် သဘောပိုက်။ ခေတ်အလိုက်နေထိုင်မှု အနု ပညာ ကိုရှာဖွေ တွေ့ ရှိ ခဲ့တဲ့သူ။မင်းအဖေ လက်ထက် ကလည်း ဒီလယ် ဒီကြံခင်း။ တဦးတည်းသော အမွေ ဆက်ခံသူ အဖြစ် အမွေ ခံထိုက်ခဲ့တဲ့ မင်းက ဘ၀ ဆို တာ ပိုပြိးတိကျပြောရ ရင် လူ ရဲ့ အခြေခံဟာ  အပြောင်းအလဲ မရှိပါဘူးလို့ ယူဆ။ ဒါမှမဟုတ် ဖြေသိမ့် ပြိး ဘိုးဘွားပိုင်မြေမှာသံယောဇဥင်္ တွေ နဲ့ ကျောက်ချခဲ့။ ချွေးတပ်က ချောအဖြစ် စကားလုံးတွေ ရွေ့ လျောလာတာက လွဲပြိး ဘာမှထူးမလာပါဘူး။ ပေါ်တာပြန်မဖြစ်ဖို့ တော့ အရေးကြိးတယ်။ နောက်ေ ကာဘာများဖြစ်လာဦးမယ်ထင်သလဲ ဆိုတဲ့မင်း၇ဲ့ မေးခွန်းအတွက် လူ့ အခွင့်အရေးအိပ်မက်တွေ မက်တတ် စငါ ခံတွင်းမတွေ့ ခဲ့ တာအမှန်ပါဘဲ။
တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်က ရလာတဲ့ ဓါတ်ပုံတချပ်နဲ့ ၇၀ ကျော်အမေအိုရဲ့ ချွေးစက် တွေ ကိုနှစ်သိမ့်
နုတ်ဆိတ်နေတာ မတောင်းဆို ချင်လို့ မဟုတ်မှန်း ငါသိပေမယ့် တဖက်စောင်းနင်းကွာဟ လာမှု တွေ ကိုမင်းတကယ် ဘဲ မုဒိတာ ပွါးနိုင်ခဲ့ပြိလား။
ယောက်ဖရေ။ အနေအထိုင်မတတ်ခဲ့တဲ ငါက တော့ ကိုယ့်ဆိပ်ကမ်းကလေးကို ကိုယ်သယ်ပိုးပြိး ရွက်လွင့်ခဲ့ 
ရေများ၇င် ငါးရှိရမယ်ဆိုပြိး။မလာပါနဲ့ မန်ဒါလီ ရေများပေမယ့် ငါး၇ဖို့ ဆို တာ မလွယ်ပါဘူး။ ခိုနားရာပျောက်ခဲ့တဲ့ ညတွေ ။ ဘာကောင်မှန်းမသိ ဘဲ တိရစ်ဆန် ဥယျာဉ်ထဲ ချော်လဲ ရော ထိုင်ခဲ့ ရတဲ့နေ့ တွေ ။ အမှန်တရားဆိုတဲံ့အ၇ာကို ရူးသွပ်စွာ ရှာဖွေနေခဲ့ဆဲ။ အမြဲစိမ်းတောအုပ်ရဲ့ အက်ကွဲ တဲ့ မာယာအော်သံနာကြိးထဲ မှာတော့ အမှန်တရားဆို တာ မျက်နှာများကြောင်း ကြားသိခဲ့ရတယ်။ မိကျောင်းမျက်ရည်တွေ လား။ ဂဏန်းမ တကောင်လို သစ္စာ တရားကို သဘောထားကြသူတွေ ။ တွေ့ ခဲ့ မြင်ခဲ့ကြားခဲ့။ အဲဒီနောက်မှာတော့ စကားလုံးတွေ ရဲ့ နောက်ကို ပြေးလိုက်ရင်း ခြေကုန်လက်ပန်းကျခဲ့ရတဲ့ နေ့ ည တွေ။ ကမ်းကပ်ဖို့ အတွက်ကမ်းစပ်က လည်းငါ့ကိုယ် ပေါ်မှာ။ ပစ်ချလိုက်ပြီးအိပ်စက်အနားယူဖို့  ဦးနှောက်က ခွင့်မပြု ပေမယ့် ဝေလေ လေ တခါ အော် လိုက်ရတိုင်း နှလုံးသားရဲ့ ကြိမ်ဆဲ သံကြောင့် လိပ်ပြာ လန့် လန့် သွားတတ် တယ်ဆို ရင်  ယောက်ဖ ရေ။ မင်းကတော့ ရီနေလိမ့်မယ်။
မွေးကတည်းက ဇောက်ထိုးမွေးလို့  အသိအမြင်နောက်ကျတာလား။ အမှန်တရားမှာ ဒိုင်လူကြိးမရှိပေမယ့်
တရားမျှတမှု မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိသူ တွေ ရှိကြောင်းသိလိုက်ရတဲ့နေ့ မှာ နေပူထဲ မိကျောင်းသွားနေ တဲ့ ဘကြီးတွေကိုအားနာတယ်။ ကြွေလွင့်သွားတဲ့ စံပယ် ပွင့် လေးတွေ အတွက် ၀မ်းနည်းတယ်။ခက်တာက ရင်းနှီးမြှပ်နှံ အထိုင်ချ၇အောင် ကလည်း အရင်းအနှီး က မလုံလောက်။ လူပင်စိုက်ရအောင်ကလည်း သဘာဝ ရေခံမြေခံက မလုံလောက်။ ဘ၀ နေထိုင်မှုမှာ အတွေး အခေါ်ကမလုံလောက်။ ဒီကြားထဲ အမှန်တရားကို ဒိုင်လူကြီး ၀င်လုပ်ခံ၇ လွန်းလို့ မျက်စိတွေ နားတွေ လဲ ညောင်းညာ လွန်းလှပြီ။
အလင်းကွဲ နေ့ ရက် တွေ ထဲ မှာ တနေ ၇ာ ရာ က တန်းစီ ဖို့ ပျက်ကွက် တဲ့ အတွက် အီးတီ တကောင်အဖြစ် ပြစ်ဒဏ်သင့်ရင် လဲ အဲဒီ အတွက် ဂုဏ်ယူနေ တတ်မယ့် ဇောက်တိ ဇောက်ထိုးအကောင်မျိုး။
အိုင်တီ ။ဂလိုဘယ် ။ လစ်ဘရယ် ။ဂေဟဗေဒ ။ ÁwÎိယ အော်သံ။ စံသွေမှု တွေ နဲ့ အမှန်တရား။ ယူတိုပိးယားပျောက်သွားခဲ့ပြိယောက်ဖရေ။
ယောက်ဖရေ။ အင်တီ လား။ အော်တာနေးတစ်လား။ဝါးတားတားတွေ နဲ့ ဝေလေလေ တခါအော်လိုက်၇တိုင်း ကျောင်းတုန်းက လောက် စိတ်မပါတာ အသေအချာဘဲ။ တခါတခါ အကုသိုလ်ပန်းပွင့်လေးတွေ အကြောင်းကို တွေးမိပြန်ရင် အဲဒီပေါက်ပင်ကိုင်းကိုင်းတွေ ကိုဆူ နာမီ လှိုင်းတွေ နဲ့ တိုက်စားချင်ပြန်ရော။ အကုသိုလ်ပန်းတွေကလည်း ကမBာ အနှံ့  ပြန့်နှံ့ ပေါက်ရောက်တာ ဒီရာစုရဲ့ ကျိန်စာဘဲ လား။ လွတ်လပ်မှု နဲ့ မျှ တမှု ကိုဘယ်လို ညီမျှ ခြင်း ချ ကြမလဲ။ ကမBာကို ကယ်တင်မယ့် နောက်ထပ် ဘုရားသခင်တပါးဟာ ဇီဝနည်းပညာ နဲ့ မွေးဖွားလာမလား။
ယောက်ဖေ၇။ ဒီအချိန်ဆို မင်းရဲ့ ကြံခင်းလေး မီးရှို့ ပြိးရောပေါ့။ သစ်ကော်ပိုရေးရှင်းတွေ ရဲ့ ထုတ်လုပ်မှု။
သဘာဝ ပတ်ဝန်းကျင် အဖွဲ့ တွေရဲ့ ထိန်းချုပ်မှု တွေ ရဲ့ ကြား။ ချောင်းထိပ် က နားပေါက်ကျယ် တွေ တောင်ယာလုပ်ခွင့်မှ ရ ကြသေးရဲ့ လား။ ကိုးဆယ် ။ ဖက်ဒရယ် ။ ဒိုင်ယာလော့။ ပြိးတော့တီဂျေ။ အင်စတီကျူးရှင်း။ ရီ ကွန်ဆလေးရှင်း။ဆန်းရှင်း။ ပြိးတော့ မရှင်း။ မရှင်း။ မရှင်း။ ဓါတ်ခွဲ ခန်းထဲ က ဖား။ ခံစားပေဦးတော့ ယောက်ဖရေ။
ဇီးကွက် စီးပွါးရေးမှာ အမှောင်ထဲ မြင်တဲ့ အကောင်တွေ အလုပ်ဖြစ်။ ညဖက် အလုပ်ထွက်၇တဲ့ မိန်းကလေးရေ။ ဖွင့်ဖြိုးမှု ရဲ့ တံခါးခေါက်သံအတွက် မင်းရင် ခွင်ဟာ အဆင်သင့်ဖြစ်ခဲ့ ပြိလား။
လူထုတိုက်ပွဲ။
စစ်အာဏာရှင်စနစ် အကြွင်းမဲ့ ဖျက်သိမ်းရေး။
ဆီပေးမှ ဆန်၇မယ်
ဥမကွဲ သိုက်မပျက် အကောင်မပေါက်
ဥကွဲရင် အကောင်ပေါက်မလား။
လားပေါင်းများစွာအတွေးတွေ နဲ့ အချိုးအကွေ့ တခု ကို ရောက်တဲ့ အချိန်မှာတော့ ယောက်ဖ ရေ။ မင်းနှလုံးသားက ပေးတဲ့ အဖြေကို ဘဲ အရာရာ အတွက် ဆောင်ကြဉ်းလာမယ့် အမှန်တရားလို့  ငါယုံကြည်လိုက်တော့မယ်။ငါ ကတော့အိမ်ရှိရာ အရပ်သာ ဒီအချိန်မှာ အကောင်းဆုံးလို့ ထင်ခဲ့ပြီကွာ။ဒါပေမယ့် အရာရာ အတွက် အနီးဆုံးလူတွေသာ ဆုံးဖြတ်စေချင်တာ ငါ့ ဆန္ဒပါ။ ကဲ ဘယ်ဘက် လမ်းကို နီးမလဲ ယောက်ဖရေ။ မင်းတို့ ပဲ ဆုံးဖြတ်ကြပေတော့။
အမှိုက်စ များ January 1, 2010
Posted by sam-yomahlaing in Uncategorized.
add a comment
ဦးလူခိုင်။
ကျနော်တို့ ရွာကလေးက တော့သူ့ ကို ဦးလေးယိုင်လို့ ဘဲလူငယ်တွေကခေါ်တတ်ကြတယ်။
ကမ္ဘာ့ဆွဲအားကဘဲ ဦးလေးယိုင်အတွက်နည်းသွားတာလား မဆိုတတ်။ သူလမ်းကိုတည့်တည့် မလျောက်နိုင်ခဲ့ တာဆယ်စုနှစ်တွေချီပြီး ကြာခဲ့ပြီ။ယိမ်းယိုင်ပြီးလဲကြသွားတဲ့အခါတိုင်း ‘ ကမ္ဘာကြီးက ငြိမ်ငြိမ်မနေဘူးကွ။ လုပ်နေတယ် ပြောင်းနေတယ် “ဆိုပြီး အရှက်ပြေပြောတတ်သူ။ ဆိုင်ကလေးရဲ့ ဖောက်သည်တွေကတော့ သူ့ ရဲ့ ဆင်ခြေစကားကို သဘောကျနေတတ်ကြတယ်။
လူတချို့ ကသူ့ ကိုယစ်ထုတ်ကြီးဆိုပြီး နှာခေါင်းရှုံ့ ကြသလို ။ တချို့ ကတော့ နှမြောသလို ပြောတတ်ကြတယ်။သူ့ ကို ဘာအကြောင်းကြောင့်နှမြောတာလဲဆိုတာကို သေချာမသိပေမယ့် ကျနော်တို့ နှစ်ယောက်အတွက်ကတော့ ဦးလေးယိုင်ဟာ စိတ်ဝင်စားစရာ အရက်သောက်ဖော်။
ရွာနဲ့ ခပ်လှမ်းလှမ်းမြို့ ကလေးမှာတောင် (၁၀)တန်းအောင်ကျောင်းသားကို အိုးစည် ဒိုးပတ်နဲ့ ကြို ကြတဲ့ကာလမှာ ကို လူခိုင်ဟာ ဘီအေ ဘွဲ့ ၇တယောက်အဖြစ်ရွာကို ပြန်ရောက်လာခဲ့တယ်။ နိုင်ငံကျော်ကဗျာဆရာ ။အယ်ဒီတာဆိုတဲ့ ဂုဏ်ပုဒ်တခုကို လဲ သူပိုင်ဆိုင်ခဲ့ဘူးတယ်။အုတ်တံတိုင်းတွေကို ခြံစည်းရိုး ခတ်ထားတဲ့ မြို့ ကလေးတခုမှာနှစ်ကြိမ်လောက် သွားရောက်နေထိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ ကွန်ကရက်တောအုပ်ကို သူ့ စွန့် ပစ်ခဲ့ပါတယ်။ဖုန် မှုန့် လိမ်းကျန်ထားတဲ့လမ်းကလေးပေါ်မှာ ညနေတိုင်း လျောက်သွားနေတတ်တဲ့ ကျူ ရှင်ဆရာဦးလူယိုင်အဖြစ် သူ အသွင်ပြောင်းခဲ့တယ်။စာ အသင် အပြကောင်းတဲ့ဆရာ ပုံတို ပတ်စ အပြောကောင်းသူ အဖြစ်တပည့်တွေကြားရေပန်းစားခဲ့သူ။
ဒီလို နဲ့ မျိုးဆက်တွေ တဆက်ပြီးတဆက် ။ ဆယ်စုနှစ် တ၀က် ကျော်ကျော်မှာ တော့ “ ဆ၇ာဆိုတာအရိပ်ကို ပေးစွမ်းနိုင်တဲ့သူ။ ငါက အရိပ်ကို ပေးစွမ်းနိုင်တဲ့သူ မဟုတ်ဘူး “ဆိုပြီး ကျူရှင်ဆရာဆိုတဲ့ဂုဏ်ပုဒ်ကို ပါ သူစွန့် လွတ်ပစ်ခဲ့ပြန်တယ်။
တနှစ်ပြီးတနှစ် အရက် နဲ့ အဖော်ပြု။ ၀ယ်သောက် ။ ၀င်သောက်။ ကပ်သောက် တောင်းသောက်။ ဒီလို နဲ့ ဘဲ လမ်းမပေါ်ထက်က ဦးလူယိုင်အဖြစ် သူရောက်ရှိခဲ့တယ်။
မြေကြီးကို ဒုက္ခပေးတဲ့သူလား။
ကမ္ဘာမြေအတွက် ၀န်ထုပ်ဝန်ပိုးလား။
ရပ်ထဲရွာထဲ ပွဲရှိလို့ ၇ ၀တ နဲ့ ၇ဲ စခန်းက အရက်ပိတ်ပြီ ဆို၇င်တောင် ဥက္ကဌ နဲ့ စခန်းမှုးကို လှည့်ပတ်ရှာပြီး အရက်တိုက်ခိုင်းတဲ့လူစား။ တော်တော်များများက ရှောင်ဖယ်ထားကြသော်လည်း ကျနော် တို့ နှစ်ယောက်က တော့ လေးလေး စားစားအပေါင်းအသင်းလုပ်ခဲ့ကြပါတယ်။
စာရေးဆရာ ကို စာထဲမှာဘဲ ပေါင်း။ အပြင်မှာ အပေါင်းအသင်းမလုပ်နဲ့ ကောင်လေးဆိုတဲ့ သူ ရဲ့ စကားနဲ့ ဆန့် ကျင်စွာဘဲ။ သူ့ စာတွေကို တပုဒ်မှ မဖတ်ဖူးတဲ့ ကျနော်တို့ နှစ်ယောက် ဟာ သူ့ ကို တော့ခင်ခင်မင်မင်ပေါင်းတတ်ခဲ့ကြတယ်။ပြော၇၇င် အရက်မသောက်တတ်ခင်ကတည်း သူ တို့ နဲ့ အရက်ဆိုင်ထဲ ဒုက္ခခံ ပြီးခင်မင်မိတယ်ဆိုပါတော့။ အပေါင်းအသင်းလုပ်တယ်ဆိုပေမယ့် သူ ရဲ့ အသက်ဟာ ကျနော်တို့ အဖေတွေထက် ကြီးနေမှာပါ။
၂။
ရွာကလေးရဲ့ မိသားစု လေးပုံ တပုံလောက်က ဓနိခင်းလုပ်ပြီး အသက်မွေးကြတာဆိုတော့ ဓနိရည်ကို အရက် ချက်တဲ့ အရက်ဖို တွေလဲ ပေါမှပေါ။ ကြီးသော ငယ်သော ဓနိတောထဲမှာ။ မြို့ ပြတွေလို လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ထွန်းကားရာ မဟုတ်လေတော့ မိတ်ဖွဲ့ ပေါင်းတတ်စ အရွယ်တ၇ွာနဲ့ တရွာ ဧည့်သည်လာတိုင်း ၀ိုင်းဖွဲ့ တတ်ကြတာက ရွာကလေး ရဲ့ အစဉ်အလာလို့ ပြော၇မယ်ထင်၇ဲ့ ။ကွင်းထွက်မယ်သူငယ်ချင်းဆို တဲ့စကားစုကလည်း လူငယ်တွေကြားအရက် သောက်ဖို့ အဖော်ညှိတဲ့စကား။ ရွာထဲက ဆိုင်ထဲမှာတော့ လူကြီးပိုင်းတွေလောက်ပဲ ထိုင်တတ်ကြတယ်။ကျနော်တို့ နှစ်ယောက်ကတော့ ရွာ၇ဲ့ ၂ ဦးတည်းသော တက္ကသိုလ်ကျောင်းသား။ လူငယ်တွေက လေးစား။ လူကြီးတေါ က အရေးပေးဆိုတော့။ ဒိတော့လဲ ကျောင်းနှစ်ရှည်ပိတ်ထားတဲ့ကာလတွေမှာ အ၇က်သမားကြီးတွေနဲ့ ရော၊ အရက်သမားကလေးတွေနဲ့ ပါ သောက်နိုင်တဲ့ အရက်သမား အလတ်စားလေးတွေ ဘ၀ကို ရောက်မှန်းမသိ ရောက်ခဲ့ကြတယ်။
မှတ်မှတ်ရရ။
ဘ၀ထဲမှာ တွေးစ၇ာ တခုကို ဦးလေးယိုင်ပြောခဲ့တဲ့နေ့ ။
ရွာထဲက ဆိုင်ထဲ သူငယ်ချင်း ၂ ယောက် ထိုင်သောက်နေတုန်း ဦးလေးယိုင်ဝင်လာပြီး အရက်နည်းနည်းထုပ်ပေးဖို့ တောင်းဆိုရင်း ကျနော်တို့ ဝိုင်းထဲဝင်ရောက်လာခဲ့တယ်။ထုပ်ပေးဖို့ အတွက် ပလစ်စတစ်အိတ်ရှာနေစဉ်မှာဘဲ သူက မြေကြီးထက်က ပလစ်စတစ် အိတ်တလုံးကို ကောက်ယူပြီး သန့် စင်လိုက်တယ်။ အမှိုက်တွေ နဲ့ မလုပ်ပါနဲ့ ဦးလေးရာ ဆိုတော့ သူက …’အမှိုက်ဆိုတာ နေရာမှားနေတဲ့ ပစ္စည်းပါကွာတဲ့။များသောအားဖြင့်တော့ အမှိုက်တိုင်းဟာ တချိန်က အသုံးပြု လို့ ၇ခဲ့တဲ့ပစ္စည်းတွေချည်းပါဘဲ။လောကကြီးမှာ မရှိမဖြစ်လို အပ်တဲ့အ၇ာတွေဟာ အလကားလို လို ၇တတ်တယ်။ ဒါမှ မဟုတ်ရင် အဖိုးအခ နည်းနည်းနဲ့ ၇တတ်တယ် ဥပမာေ၇ တို့ လေတို့ နေ့ စဉ်သုံးတဲ့အထဲ အခုလို ပလစ်စတစ်အိတ်တွေ။ အလကားလို လိုရနေတော့ လူတွေက တန်ဖိုးထားရကောင်းမှန်းမသိတော့ဘူး။အလွယ်တကူလွင့်ပစ်လိုက်ဖို့  ၀န်မလေးတော့ဘူးလေ။အေး အဲဒီလို ပလစ်စတစ်တွေ မြေကြီးထဲများလာတဲ့နေ့ မှာမြေကြီးကိုဒုက္ခပေးလိမ့်မယ်။ ဘာလို့ လဲဆိုတော့ သူက မြေကြီးထဲမှာလဲ မဆွေးနိုင်ဘူးလေ။ အဲဒိလို မဆွေးနိုင်တာကို က ပလစ်စတစ်ရဲ့ အရည်အချင်းပဲ။ ဒီအရည်အချင်းကို အသိအမှတ်ပြု အသုံးချမှုက မရှိသလောက်ပဲ။ နေရာ မှားယွင်းခဲ့၇င်တော့ ဘယ်အ၇ာမဆို အမှိုက်ပါဘဲ ကောင်လေးရာ။ တနေ့ တနေ့ အရက်သောက်နေ တဲ့မင်းတို့ ကောင်းလေးတွေ ရော။ ငါေ၇ာပေါ့။
ဦးလေးယိုင်ကတော့ ဒသနလို လို အပြောင်အပျက်လို လိုပြောပြိးထွက်သွားခဲ့ပေမယ့် ကျနော်တို့ မှာတော့ ပြောစ၇ာတွေ အများကြီးဖြစ်ပြီးကျန်ရစ်ခဲ့ပါတယ်။မျှော်လင့်ချက်တွေနဲ့ တက်ကြွနေသူတွေ ပီပီ ကိုယ့်ကိုကိုယ် အမှိုက်တစလို ဘယ်တုန်းကမှ မခံစားဘူး။ မတွေးဘူးခဲ့။ နေရာ မှားနေ၇င် အမှိုက်ပဲ။ နေ့ စဉ်နဲ့ အမျှ အရက်သောက်နေတဲ့ မင်းတို့ ကောင်လေးတွေရော ပေါ့။ ဆို တဲ့စကားကို နှစ်ယောက်သားအငြင်းပွါးနေစဉ်မှာဘဲ ၁၀ တန်းဖြေပြီးသားကျောင်းသားငယ်တစု ရွာအပြင်က ပြန်ဝင်လာကြတယ်။အားလုံးက ရီဝေေ၀ ရေချိန်တခု နဲ့ ညနေခင်းတခုကိုကျော်ဖြတ်ဖို့ သူ တို့ အဆင်သင့်ဖြစ်နေကြပုံပါဘဲ။
မြေကြီးထဲမှာဆွေးမသွားတတ်တာ ပလစ်စတစ်လို အမှိုက်တွေ။
ဒို့ တတွေက အမှိုက်စတွေ ဆိုရင် မြေဆီလွှာကရော ဘာလဲ။
အဲဒီမြေဆီလွှာရဲ့ ငါတို့ ၇ဲ့ အနာဂါတ်ကရော ဘာလဲ။
ဖိုးဇော်က တော့စိတ်ရှုပ်သွားလို့ ပဲလား။ ဆက်ပြီးဘဲ မဆွေးနွေးချင်တော့တာလား မပြောတတ်။ဟေ့ကောင် င။သက်။ အနာ၈ါတ်အကြောင်းဆိုရင် မနက်ဖြန်အကြောင်းကို တောင်မစဉ်းစားနဲ့ ။ ဘုရားကလဲ ပစ္စုပန် တည့်တည့်ရှု ဖို့ပဲ ဟောထားတယ်။ကဲသောက် ။ စားပြီးရင် ဗွီဒီယို ရုံဘက်ကို ထွက်ခဲ့ ငါစောင့်နေမယ်လို့ ပြောရင်းလက်ထဲက ကွမ်းသွေးထုပ်ကို ဆိုင်အောင်ကို ပစ်ချလိုက်ပါတယ်။
ဒီလိုနဲ့ တရက်ပြီးတရက် ရွာကလေးရဲ့ အရက်ဆိုင်ထဲမှာ မသေချာတဲ့အနာဂါတ်တွေအတွက် စိတ်ကူးတွေနဲ့ တည်ဆောက်ရင်း ကျော်ဖြတ်ခဲ့တယ်။ ဖိုးဇော်က တော့ အဆုံးသတ်တိုင်းမှာ မနက်ဖြန်အကြောင်းကို မစဉ်းစားနဲ့ ဆိုတဲ့စကားနဲ့ နိဂုံးချုပ်ပေးတတ်တယ်။
တတိယနှစ်သင်တန်းအတွက် ကျောင်းကို သွားတဲ့အခါမှာတော့ ဦးလေးယိုင်နေထိုင်ဖူးခဲ့တဲ့ အုတ်တံတိုင်းတွေ နဲ့ မြို့ ကလေးကို ကျနော် အလည်ရောက်သွားလိုက်တယ်။အဲဒိမြို့ ကလေးထဲမှာဘဲဘ၀ နေထိုင်နည်း အနုပညာအချို့ ကို ကျနော်လေ့လာခဲ့ရတယ်။ အရောင်အသွေးစုံလင်တဲ့ ကောင်းကင်ကြီးကို နီးနီးကပ်ပြီးမြင်၇သလို။ဦးလေးယိုင်လို မြေကြီးဆန်သူတွေကို လဲ တွေ့ ခဲ့၇တယ်။အဲဒီနောက်မှာတော့ ရှုပ်ထွေးပွေလီမှု များစွာ။
အိမ်ကိုပြန်ခွင့်ရတဲ့အခါမှာတော့ ရွာကလေးဟာ ကျနော့်ကို ဆတ်ကော့ လတ်ကော့ နဲ့ ကြိုဆိုတတ်ခဲ့ပြီ။
နီယွန်ည။လရောင်ပြေး အထာမကျနိုင်သေးတဲ့ တေးသွားကို လဲ တပိုင်းတစ ဆိုပြတတ်ရဲ့ ။လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေက လမ်းဘေး ၀ဲယာမှာ ။ လူငယ်တွေကတော့ အစဉ်အလာကို ပိုမိုခင်တွယ်နေသလိုပါဘဲ။ အစဉ်အလာဆိုတာကတော့ အရက်သောက်တဲ့အစဉ်အလာ။ ဦးလေးယိုင်ကတော့ သူငယ်ငယ်တုန်းက ကျနော်တို့ လောက်မသောက်ကြောင်းတော့ တခါပြောဖူးပါရဲ့ ။
မနက်ဖြန်အကြောင်းကိုတောင်မစဉ်းစားနဲ့ ဆိုတဲ့သူ ငယ်ချင်း ဖိုးဇော်ကတော့ အိမ်ထောင်ကျပြီး ရွာနဲ့ မြို့ ကို ပြေးနေတဲ့ ကားလိုင်းထဲမှာ ကိုယ်ပိုင်ကားနဲ့  အတည်တကျဖြစ်နေပြီ။ အမေက ဖိုးဇော်ကို အားကျသလိုတခါတခါပြောတိုင်း ကျနော်ကတော့ ပလပ်စတစ် လို အမှိုက်တစ လား။ ဘယ်လို ပြန်အသုံးချ၇မလဲဆိုတာကို စဉ်းစားနေတတ်တယ်။
ဒီအချိန်မှာ ဦးလူခိုင်တယောက်ကတော့ မြေဆီလွှာနဲ့ တသားတည်းကျပြီးလောကကြီးကို ပြန်လည်ထမ်းပိုးနေခဲ့ပါပြီ။
မြနှင်းဆီ သို့ လွမ်းသ၀ဏ် January 1, 2010
Posted by sam-yomahlaing in ကဗျာ.
add a comment
အခြေအနေ တွေကွာလှမ်း ခဲ့ကြပြီ မို့ 
လွမ်းတယ် မြနှင်းဆီ
မပြောရက် လို့ 
ပြောမထွက်ခဲ့တဲ့
ခံစားမှု နဲ့ 
နှလုံးသားတခု ကျန်ရှိခဲ့ရာ
အလယ်ရိုးမတနေရာက
နေ့ ရက်တွေကို လွမ်းတယ်။
လွမ်းတယ် မြနှင်းဆီ
ပြန်ရနိုးနိုး တိတ်တခိုးနဲ့ 
ပြကQဒိန်ဟောင်းရဲ့ ခြေရာတွေဆီ
နာရီတွေ ပြောင်းပြန်လှည့်
ငါ့ ရဲ့ ရင်ခုန်သံတွေ အိပ်မောကျခဲ့ရာ
အရင် တခါက ဆယ်စုနှစ်ကို လွမ်းတယ်
လွမ်းတယ် မြနှင်းဆီ
နောက်ပြန်မလှည့်ချင်တာနဲ့ 
ကျောချင်းကပ်ကာ ခြေစုံရပ်
ကမBာ တပတ် ပတ်ရင်
စမှတ်မှာ ပြန်ဆုံလေမလား
နှလုံးသားရဲ့ မရေ ရာမှုတွေ အတွက်
သေချာတဲ့ အချစ်တခု ကို လွမ်းတယ်။
မြနှင်းဆီရေ
ဒီလိုနဲ့ ဘဲ အိပ်ပျက်ညတွေ သံချေးတက်
အချစ်ဆို တဲ့အရသာကို
ငါမသိခဲ့ခင်မှာဘဲ
အလွမ်းကို စာစီတတ်ခဲ့တယ်။
Tools ‹ Sam-yomahlaing's Blog — WordPress January 1, 2010
Posted by sam-yomahlaing in Uncategorized.
add a comment
Tools ‹ Samyomahlaing’s Blog — WordPress.