jump to navigation

မြနှင်းဆီ သို့ လွမ်းသ၀ဏ် January 1, 2010

Posted by sam-yomahlaing in ကဗျာ.
add a comment

အခြေအနေ တွေကွာလှမ်း ခဲ့ကြပြီ မို့ 
လွမ်းတယ် မြနှင်းဆီ
မပြောရက် လို့ 
ပြောမထွက်ခဲ့တဲ့
ခံစားမှု နဲ့ 
နှလုံးသားတခု ကျန်ရှိခဲ့ရာ
အလယ်ရိုးမတနေရာက
နေ့ ရက်တွေကို လွမ်းတယ်။

လွမ်းတယ် မြနှင်းဆီ
ပြန်ရနိုးနိုး တိတ်တခိုးနဲ့ 
ပြကQဒိန်ဟောင်းရဲ့ ခြေရာတွေဆီ
နာရီတွေ ပြောင်းပြန်လှည့်
ငါ့ ရဲ့ ရင်ခုန်သံတွေ အိပ်မောကျခဲ့ရာ
အရင် တခါက ဆယ်စုနှစ်ကို လွမ်းတယ်

လွမ်းတယ် မြနှင်းဆီ
နောက်ပြန်မလှည့်ချင်တာနဲ့ 
ကျောချင်းကပ်ကာ ခြေစုံရပ်
ကမBာ တပတ် ပတ်ရင်
စမှတ်မှာ ပြန်ဆုံလေမလား
နှလုံးသားရဲ့ မရေ ရာမှုတွေ အတွက်
သေချာတဲ့ အချစ်တခု ကို လွမ်းတယ်။
မြနှင်းဆီရေ
ဒီလိုနဲ့ ဘဲ အိပ်ပျက်ညတွေ သံချေးတက်
အချစ်ဆို တဲ့အရသာကို
ငါမသိခဲ့ခင်မှာဘဲ
အလွမ်းကို စာစီတတ်ခဲ့တယ်။

ပြန်ကျမိုးတွေရွာကျခွင့် December 31, 2009

Posted by sam-yomahlaing in ကဗျာ.
add a comment

                          

တောင်ကျချောင်းငယ်ကလေးထဲက

ဘယ်ဖက်ကမ်းပါးကို ရိုက်လိုက်

ညာဖက်ကမ်းပါးကို ရိုက်လိုက်

ပင်လယ်ဆိုတဲ့ အိပ်မက်နဲ့

တဟုန်းထိုး စီးထွက်ခဲ့ကြ။

အဆီးအတားတွေကို

တိုက်စားရင်း

အညစ်အကြေးတွေလဲ

ပျော်ဝင်တတ်ခဲ့ပေါ့။

မကျော်လွှားသာတိုင်း

ကွေ့ ပတ်စီးဆင်းကြရင်း

မြစ်တို့ ရဲ့ မာယာထဲမှာ

ဖြောင့်တန်းခြင်း ဂုဏ်သိက္ခာကို

စွန့် လွတ်ခဲ့ရပြီ။

Áနြေ္ဒရရ စီးဆင်းပြ၇တဲ့

မြစ်မင်းတို့ ရဲ့ ထည်ဝါခန့် ညားမှုမှာ

တောင်ကျချောင်းငယ်ဘဝ

တက်ကြွမှုတွေကို

ထားရစ်ခဲ့ရပြီ။

သယ်ဆောင်ခဲ့သမျှကို

သွန်ချရင်း

သောင်တွေထွန်း

ကျွန်းတွေပေါ်

စိတ်မထင်တိုင်း

ဒေါသလှိုင်းတွေနဲ့ လဲ

မုန်တိုင်းဆင်တတ်ခဲ့ပြီ။

တခါတခါတော့လဲ

ငါတို့ စတင်ခဲ့ရာ

ရိုးမတောင်ခြေတနေရာက

တောင်ကျချောင်းငယ်ကလေးကို

သတိရ

အငွေ့ ပျံပင်လယ်ပြင်ထဲကနေ၊

အေးစက်တဲ့

မြင့်မားမှုတွေထဲမှာ

ငွေ့ ရည်ဖွဲ့ 

ရွာကျခွင့်တခါ

ကြုံရဦးမှာပေါ့

ခုတော့

အငွေ့ ပျံလို့ ကောင်းနေကြဆဲ။