jump to navigation
မနက်ဖြန်ရဲ့ ပုံပြင် January 1, 2010
Posted by sam-yomahlaing in 1, အမှတ်တရ ပုံရိပ်များ.
trackback
မနက်ဖြန်ရဲ့ ပုံပြင်
 ခွေးဟောင်သံ။ဘဲအော်သံ။ ခလေးငိုသံတွေနဲ့  ရောင်နီမလာခင် နံနက်ခင်းတခု အစပျိုးခဲ့ပြန်ပြီ။ ဒီအချိန်မှာ တော့ အခန်းကျဉ်းလေး တခု ထဲက သူငယ်ချင်းတစ်ယောက် တင်ပလ္လင် ခွေပြီး တရားထိုင်နေလောက်ရောပေါ့။ ကျနော်ကတော့ အိပ်ယာထဲကွေးပြီး သွေးစုတ်ဖုတ်ကောင် တွေနဲ့ ဝံပုလွေ တို့ ရဲ့ အကြောင်းကို စဉ်းစားနေမိတယ်။ ကူးစက်တတ်တဲ့ ရောဂါ ဆိုးကြီးတစ်ခုလို  တစ်ကောင်ပြီး တကောင်ပြီးတကောင်။ တယောက်ပြီးတယောက် ဗွက်ပေါက်နေတဲ့ အဝေး ပြေး လမ်းမ ကြီးထက်မှာ ၀င်လာလိုက်ထွက်သွားလိုက်ကြနဲ့ ။ ရာဇ၀င်တွေကလဲ အရင်အတိုင်း၊ မပြောင်းမလဲ။ ဒီလိုနဲ့ ဘဲ ပြောင်းလဲ ချင်သူတို့ ရဲ့ မနက်ဖြန်ပုံပြင်ဟာ မနေ့ ကလို ပါဘဲ လို့ စဉ်းစားလာမိခဲ့တယ်။ကုန်ခဲ့တဲ့ (၁၀) စုနှစ်က
တက်တက်ကြွကြွ နဲ့ အရာရာကို စူးစမ်း။ အခန်းတခန်းထဲ အတူနေ။ သူ့ အမေ ကိုယ့်အမေ၊ သူ့ ငွေ ကိုယ့်ငွေ။ အပြန်အလှန် ဒဏ်ရာတွေနဲ့ လဲ မထိတွေ့ ရသေး။တို့ တတွေ လဘက်ရည်ကို ဝေသောက်ဖူးသလို ။ ဆေးလိပ်တိုကို မျှရှူ၊ အပူအပင် ဆိုတာတွေက တော့ တို့ နဲ့ ခပ်ဝေးဝေး၊၊တွေးတယ်ဆိုရုံဘဲ တွေးတတ်ခဲ့ကြတယ်။ ဆွေးနွေးလိုက်၊ ငြင်းခုန်လိုက်၊ ကဗျာလို လို
စာလိုလို  နဲ့ ကဗျာမပီ စာမပီ နိုင်မဲ့ အဖြစ်ဆိုးတွေ ရောက်လာနိုင်တာကို လဲ တွေးတတ်ခဲ့ကြသား။
             ကောင်မလေး တယောက်ကို အတူတူ ကြိုက်ခဲ့ကြပေမယ့် ဘာသာကြီး ၄ ခု မှာတော့ တယောက်တမျိုးစီ ဇာတ်ပျက်နေခဲ့ကြတယ်။ လူတိုင်းဟာ ၀ံပုလွေ တကောင်အဖြစ်မွေးဖွါးလာတာ
မဟုတ်ဘူး ဆို တဲ့ သစ္စာနီ ရဲ့ အကုသိုလ်ပန်းများထဲက ကဗျာစာသားကို အကောင်းမြင်နှလုံးသားနဲ့ ခံစား သဘောကျခဲ့ကြပေမယ့် ၀ံပုလွေ တော်တော်များများ ရှိတဲ့နေရာကို တော့ တို့ တတွေ အတူတူ ရောက်သွားခဲ့ကြတယ်။
  မိုးကောင်းကင်ကို ကျောပေးမထားကြတဲ့ ၀ံပုလွေတွေ။ အ           မျိုးမျိုးအစားအစား။ ပန်းချီသမား မင်းကတော့ အရောင်တွေ နဲ့ 
 အမျိုးအစားခွဲထားလေမလား။ နောင်တချိန် ပြန်တွေ့  ခွင့်ရှိတဲ့အခါတော့ ငါ   မေးချင်သေးတယ်။ အကုသိုလ်ပန်းတွေ ကလဲ အစီ အရီ။ ရာသီ                                                              
ရွေး ပွင့်ဘဲ ပွင့်နိုင်လွန်းတဲ့နေရာ။   ငါကတော့ အကုသိုလ် ပန်းတွေ ပွင့်တဲ့နေရာတိုင်းမှာ ၀ံပုလွေတွေ နဲ့ သွေးစုတ်ဖုတ်ကောင်တွေ ကျက်စားမှာဘဲလို့ တွေးမိခဲ့သား။
 အဖြူ ရောင် အရိုင်းတောက မာယာတွေ မပါတဲ့ မျက်နှာတွေ စုဝေးရာ တို့ ရဲ့ အခန်းကျဉ်းလေးထဲက ကမ္ဘာထဲမှာတော့ အေးအတူ ။ ပူအမျှ။ ဖေးထူ ကူမ။ ရှိတာကို ဝေ မျှ။ မညီမျှမှု လဲမရှိ။ တရား မ မှု လဲ မရှိ။
            ဒီတော့လဲ ငါတို့ ၇ဲ့ ဒဏ်၇ာတွေ က အားဆေးဖြစ်။ ငါတို့ ၇ဲ့ ဝေဒနာတွေက ငါတို့ ကို အားပေး ဟိုဝေးဝေး က မိုးကောင်ကင် ဟာ မနက်ဖြန်မှာ ဘဲ ရောက်တော့မလိုလို။ ယူတိုပီးယား
စိတ်ကူးတွေ နဲ့ တည်ဆောက်ခဲ့ကြ။ ချီတက်ခဲ့ကြ။ အလ္လာ အရှင်ရယ် ။ ခရစ်တော်၇ယ် ။ ကံ ကံ၏
အကျိုးရယ် တို့ လေးယောက်နဲ့ သဘောတူညီ မှုရခဲ့တယ်။
           ဒါပေမယ့် ၀ံပုလွေတွေ အုံနဲ့ ကျင်းနဲ့  အစားမာန် ခုတ်ကြတဲ့တနေ့ မှာ ငါတို့ တတွေ ဒဏ်၇ာတွေ ကိုယ်စီနဲ့ တယောက်တနေရာစီ။ လွင့်မျောခဲ့ကြပေါ့။ ရိုးမတောင်ခြေနားမှာ နေတဲ့ငါက
တောင်တန်းတွေနဲ့ ဝေးပြီး သင်္ဘောဥသြသံတွေ ကြား၇တဲ့ နေရာလေးကို ရောက်ချိန်မှာတော့ ဧ၇ာဝတီနဲ့ နီးနီးနေတဲ့ မင်းတို့ က ပူနွေးအိုက်စပ်တဲ့ တစ်နေ၇ာကိုေ၇ာက်လိုေ၇ာက်။
            ကျောင်းတုန်းက ငါ တို့ လေ့လာေ၇း မထွက်ခဲ့ရသမျှ ငါ တို့ ရဲ့ အမေတွေ မြန်မာပြည်ကို ပတ်ပြီး လိုက်တွေ့ ကြရပေါ့။အဖြူ ရောင်ပန်းရိုင်းတွေ သုတေသန ပြု ကြ။ အသက် (၅၀)ကျော်မှ ရန်ကုန်ရောက်ဖူး၇တဲ့ ငါ့ အမေ။ ရွှေတိဂုံ အောင်မြေကိုေ၇ာက်ခဲ့မရောက်ခဲ့ ဆိုတဲ့ကိစ္စ ကတော့ ဒီနေ့ ထိ ငါ မသိရသေးတဲ့ အဖြစ်။ တစ်ခါ တခါ အိပ်မက်ထဲမှာမေးကြည့်ရင်တော့ အမေပြုံးးနေ တတ်ရဲ့ ။
          အဲဒီပင်လယ်နားက မြို့ ကလေးမှာ တိမ်လွှာတွေ စီးပြိး ခ၇ီးရှည်ထွက်ချင်တဲ့ ဝေဒနာကို ငါခံစားတတ်ခဲ့တယ်။ မင်းကတော့ မာယာနည်းတဲ့ ၀ံပုလွေတွေကို အရောင်ခွဲ ရင်း အကုသိုလ် ပန်းတွေ ပွင့်တဲ့ အဖြူရောင် အ၇ိုင်းတောတွေ တခုပြီးတခု ဖြတ်သန်းခဲ့ချိန်မှာတော့ ငါ က တိမ်တွေနဲ့ အတူ လွင့်မျောခဲ့၇တယ်။
          ဒီလိုနဲ့ ငါ က နောက်တနယ်ကို ရောက်တဲ့အချိန်မှာ နောက်တယောက်ကတော့ မင်းတို့ ဆီကို နှစ်ရှည်ဗီဇာ နဲ့ လိုက်လာလေရဲ့ သူငယ်ချင်းရေ။
              ပဒေသာပင်တွေ ပေါက်တဲ့နေ၇ာလား။ ရေသန့် သန့် တွေ သောက် ပြီးလေသန့် သန့် တွေ ရှူတဲ့နေရာလား။ လားပေါင်းများစွာ အမေးတွေနဲ့  ကာလတခု ကို အရောက်မှာတော့ တချို့ က မုန့် စားရင် လှည်းစီးကြ။ တချို့ ကလဲ ဖောင်စီးရင်း ရေ ငတ်ကြ။ ဘ၀ တွေ ။ ဘ၀တွေ။
             အတွေးသစ်။ အမြင်သစ်။ ဒဏ်ရာ အသစ်။ ဒေါသ အသစ် ……..နဲ့ ဘ၀ အသစ်တွေနဲ့ 
ငါကြုံခဲ့ရပေမယ့် အိပ်မက်တွေ ကတော့ အဟောင်းပါဘဲ သူငယ်ချင်း။ ဘ၀ရဲ့ ပုံသ¾ာန်ပျက်ခွက်တွေထဲမှာ အလိုက်သင့်ကျနိုင်ရေး အတင်းအဓမ္မ အရည်ပျော်ပြရလွန်းတော့လဲ
တချို့ သိက္ခါတွေ ပွန်းပဲ့။တချို့ ကလဲ လျှာပေါ် မြက်မပေါက်ရေး သီအိုရမ်တွေ နဲ့ လေဟာနယ်မဲ့ အစာအိမ်ကို ဒေါသတွေ နဲ့ ဖြည့်တင်း ကားချပ်နဲ့ ဆုံချက်စိတ်ပျက်ဖွယ် သဘောထားကွဲခဲ့ကြတဲ့ ဘ၀တွေ။
            ငါကရော။ ကိုသြဒိနိတ် မဟုတ်တဲ့ ဒိုင်မင်းရှင်းတခု မှာ မပြိုင်မဖြတ်မျဉ်း တကြောင်းအဖြစ် စိတ်ကူးအတွေးတွေကို အဖြေမထုတ်နိုင်သေးတဲ့ လူ တယောက် ။ အရွေ့ မရှိတဲ့အားစိုက်မှု တွေ နဲ့  အချိန်တွေ ကို ဖြုန်းတီး။ အရှုံးကြိး ရှုံးနေတဲ့ ကစားသမားတယောက်ဟာ ငါဖြစ်နေခဲ့ပြီလား။
         သူငယ်ချင်းတို့ေ၇
တယောက်တနေရာက လာပြီး အဆောင်တခု မှ စုမိခဲ့တဲ့ ငါတို့ ။
တယောက်တဘာသာ ကွဲပြားကြပေမယ့် ၀ံပုလွေတွေကို အတူတူ မုန်းခဲ့ကြ။ သွေးစုတ် ဖုတ်ကောင်တွေကို ရွံ ခဲ့ကြတယ်။ မာယာများတဲ့ ကစားဝိုင်းတွေ ကို မုန်းတတ်ကြပေမယ့် သစ္စာတရားကို ချစ် ။ မေတ္တာ တရားကို ချစ်။ လူသားတွေကို ချစ်ခဲ့ကြတယ်။ ဒါပေမယ့်လဲ အကုသိုလ် ပန်းတွေဝေတဲ့ တောအုပ်ကို တော့ ငါမုန်းတတ်ခဲ့ပြီ သူငယ်ချင်း။ မနက်ဖြန်တွေရဲ့ ပုံပြင်တွေထဲမှာငါ ဇာတ်ဆောင်တယောက်အနေနဲ့ မပါ ဖြစ်တော့ရင် လဲ နားလည်ပေးကြပါ။ ခွေးဟောင်သံတွေကြားတိုင်း စစ်ခွေးတိုက်ကို သတိ၇တတ်တဲ့ငါ။ သစ္စာရှိတဲ့ သတ္တ၀ါ  တကောင်ဖြစ်တဲ့ ခွေးကို လူသားဆန်စွာ ငါ ချစ်တတ်ချင်ပြီ သူငယ်ချင်း။
Comments»
No comments yet — be the first.
Leave a comment