jump to navigation

ပုံရိပ်များ သို့ အမှတ်တရ

 

တခါက ပုံရိပ်များကို မှတ်တမ်းပြန်တင်ထားတာပါ။ မြေမှာပုံမီးရှို့ ဖို့ မဖြစ်နိုင်။ ချောင်းထဲ သွားမျှောပစ်လို့ မရနိုင်တော့တဲ့အတူ ရှိခဲ့တယ်။ ဖြစ်ခဲ့တယ်၊ ပျောက်မသွားဘူးဆိုတာကို လိပ်စာမပါတဲ့ သူငယ်ချင်းတွေဆီကို စာပို့ တဲ့သဘောလေး ပါ။ စား ၀တ်နေ ရေး နဲ့ ဘ၀ရဲ့ လှိုင်းချက်တွေ အရ ဝေးကွာနေတဲ့သူငယ်ချင်းတယောက်ကို တော့ ခွင့်ပြု ချက်တောင်းမနေ နိုင်တော့တဲ့အတွက် တယောက်ထဲဘဲ မှတ်မိသလို နဲ့ မှတ်မိသလောက် စုစည်းခဲ့တာပါ။ လမ်းခ၇ီးတလျောက် ထပ်ကြုံ၇တဲ့ပုံ၇ိပ်တွေကိုလဲ ဆက်ရေးသွားမှာပါ။နောက် ကောင်းကောင်းရေးတတ်တော့မှ

ပြည့်ပြည့်စုံစုံပြောပြမယ်ဗျာ။ ခုတော့ လုပ်တတ်သလို ပြောတတ်သလို မှတ်မိသလို လေးပဲ တင်ပြထားပါရစေ။

ပုံရိပ်လွှာ အမှတ် ၁
နေပူပူဖုန်ထူထူနဲ့
ကွင်းပြောင်ပြောင်
တောခေါင်ခေါင် မှာ
ရက်တိုတိုတက္ကသိုလ်တစ်ခု
PTU ဟုနာမပြု၍ တည်ရှိလေသည် အနှီတက္ကသီလာကျောင်းတော်သာကြီးတွ င်
ကျောင်းဝန်းတကြော
ထန်းတောကြီးပဲဟ လို့ဆိုပြီး
ဝမ်းသာလုံးဆို့နေတဲ့ ကျောင်းသားကတစ်ယောက်
Building 1 နဲ့တိုင်လုံးကြီးတွေကိုလွမ်း တယ် သြဘာလမ်းနဲ့မြက်ခင်းစိမ်းစိမ်းေ တွကိုလွမ်းတယ်
စိုးမြင့်ကြော်နဲ့ မာလာဝင်းကိုလွမ်းတယ်
ပုပ္ပါး၊ ဒူးယား၊ ဇီဝက၊ အင်းလေး
သဇင်နဲ့ အင်ကြင်းကိုလွမ်းတယ်
ပဲဟင်းနဲ့လက်သန်းလောက်ဝက်သားတုံးလေးတွေကိုလွမ်းတယ် ထီးကိုးလက်နဲ့လှိုင်နယ်မြေကိုလွ မ်းတယ် အင်ယားကန်စောင်းရဲ့ညနေခင်းတွေကိုလွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ် ဆိုပြီး
ကိုယ့်အလွမ်းတွေကို ကိုယ်မနိုင်မနင်း ထမ်းပိုးထားရတဲ့ အလွမ်းသမားကတစ်ယောက်
ဟေ့ ဘာမှမလွမ်းဘူးကွ
အိမ်မှာကျန်ခဲ့တဲ့မိန်းမနဲ့ အထီးအမ မကွဲပြားသေးတဲ့အကောင်ကလေးကိုပဲ လွမ်းတယ်
မနက်ဖြန်အိမ်ပြန်မယ် လို့ဗြုန်းစားကြီးဆိုတဲ့
half ကလေးအဖေကျောင်းသားကတစ်ယောက်
များတို့ကတော့ လက်ခုပ်ပင်နှောကုန်းတလျှောက်
ပြိုင်ဝံ့သူမရှိလောက်အောင်လှတယ် လို့အထင်ရောက်ပြီး
အသည်းယားစရာပဲများနေတဲ့ ကျောင်းသူကတစ်စု
၆ နာရီကာဖျူး အဆောင်တံခါးပိတ်
ညမထွက်ရအမိန့်ထုတ်တဲ့ သဇင်နဲ့ဝေးပြီဆိုပြီး
ပျော်ပျော်ပါးပါးနဲ့
ညညဆိုလမ်းသလားနေတဲ့ ကျောင်းသူကတစ်စု
မဟာဇနက္ကတောင် ဒီလောက်ကူးနိုင်မှာမဟုတ်ပါဘူးဆိုပြီး
မေခလာကိုမျှော်ရင်း စိတ်ညစ်ညစ်နဲ့အိပ်ပစ်တဲ့ ကျောင်းသားကတစ်ယောက်
‘သူငယ်ချင်း ဘာမှအားမငယ်နဲ့
ငါတို့ဘက်မှာ ပြည်သူတွေရှိတယ်’ ဆိုတဲ့သောလုံးနဲ့
နှောကုန်းကကောင်ကို ပြည်မြို့ထဲလာနေဖို့
အတင်းခေါ်တဲ့ ကျောင်းသားကတစ်ယောက်
ကားခနှစ်ဆယ်များတယ်ကွယ် တစ်ဆယ်ပဲပေးပေမယ့်
ကာရာအိုအေဆိုင်ပိတ်လို့ အမေ့အိမ်သီချင်းလေး မဆိုလိုက်ရလေခြင်းလို့ဆိုပြီး
ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ကျောင်းသားကတစ်ယောက်
ယုဇနမှာ လပေး ၁၈ဝဝ တန်သကွာ တန်သကွာနဲ့
ထမင်းတစ်အုပ်ပြီးတစ်အုပ်ဆွဲတဲ့ အပြင်
ဆိုင်ရှင်လေးကိုပါ ရိသဲ့သဲ့လုပ်ချင်တဲ့ မြာပွေသူငနဲတွေကတစ်သိုက်
ဂျက်၊ ကွင်း၊ စပိတ်တို့ နှိပ်စက်လို့
ညညဆိုအိပ်ပျက်ရတဲ့ ကျောင်းသားတွေက တစ်စု
ပညာရေးအလေးထားပေမယ့်
ခါနာရေးကလည်း ကလေးကစားစရာမဟုတ်လေတော့
ကျောင်းတစ်ဖက်၊ Guide တစ်ဖက်နဲ့ ဆိုက်ပျက်ရတဲ့
ကျောင်းဆရာပေါက်စများကတချို့
တစ်ရက်ကိုထမင်းတစ်နပ်ပဲစားပြီး
ချွေတာရေးလို့အကြောင်းပြ ဒုက္ကရစရိယကျင့်ကြံနေတဲ့ ကျောင်းသားကတစ်ယောက်
အဆောင်ဝေးလို့ကျောင်းမပြေးနိုင်
ခေါင်းမလေးရအောင် စာသင်တာဂရုမစိုက်ဘဲ
ခုံပေါ်မှာထင်ရာမြင်ရာတွေလက်သရမ်းတဲ့ ခုံစာမောင်ကျဘမ်းကတစ်ယောက်
လှိုင်သာယာနဲ့လက်ခုပ်ပင်
အိမ်ဦးနဲ့ကြမ်းပြင်ပမာ အသွားအလာလုပ်
ယားတာတောင်မကုတ်အားရှာတဲ့
သနားစရာ ကျွန်တော်တို့ရဲ့ ဆရာ၊ ဆရာမတွေကတစ်စု
အမြဲတမ်းပြုံးပြုံး ပြုံးပြုံးနဲ့
သဘောကောင်း မနောကောင်း
လူပျိုကျောင်းအုပ်ကြီးကတစ်ယောက်
စသည်ဖြင့် စသည်ဖြင့် အသီးသီး အသက အသက ကျရာအခန်းကဏ္ဍမှ ပါဝင်ကပြကြပြီး ၄ လတာ ဘဝခရီးတွင် ဆုံဆည်းကြရပေဦးမည်။ ကဘောက်တိကဘောက်ချာနှင့် ရောက်မိရောက်ရာရေးရင်း ဤ PTU မည်သောနာမခေါ် ဆိုထန်းတောညိုညို၊ ကွန်းခိုရာတက္ကသိုလ်ဝိဟာရမှ တစ်ပိုင်းတစ်စဘဝများ၏ ပုံရိပ်အမှတ်ကိုဤတွင်နိဂုံးကမ္မတ်အ ဆုံးသတ်၍ ရပ်တန့်လိုက်ရပေဦးတော့မည်။ နောက်နောင်ရွှေဥာဏ်တော်စူးရောက် လာပါက အဆန်းဆန်းအပြားပြားဘဝများ၏ပုံရိ ပ်များကိုတတ် အားသ၍ မှတ်သ၍ ပုံတူကူးပြီး ငြီးငွေ့နေကြသော နောင်တော်၊ ညီတော်၊ နှမတော်၊ အစ်မတော်များအား တင်ဆက်ပါအံ့။ အပေါက်အလမ်းမတည့်ပါက ထောက်လှမ်းခံရမည်ကိုစိုးရွံပါေ သာကြောင့် အကြောင်း မညီညွတ်သည်များကိုနှာခေါင်း ဆီဆွတ်၍ နှာစေးနေလိုက်ရပါသည်။ သဗ္ဗေသတ္တာ သတ္တဝါအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်ပြုံးချမ်းမြေ့ ကြပါစေ။

ဆိုတာလေး နဲ့ စမိရင် သတိရသူတွေ သတိရနေကြဦးမှာပါ။ အဲဒီနောက် တွေ့ ခဲ့ မြင်ခဲ့ ကြားခဲ့ သိခဲ့တာလေးတွေကို အရင်းအတိုင်းဆက်ပြိးပြောပြမှာပေါ့ဗျာ။ ကျောင်းတော်ကြီးကို ပြန်မရောက်နိုင်တော့ တဲ့ ညီအကိုတွေ ထဲက ပုံရိပ်တွေ အရှာကောင်းတဲ့ ကာတွန်းဆရာ  ကဗျာဆရာ ကိုကရင် ကတော့ အမေရိက ကို ရောက်ပြီးနံပြားတိုင်းပြည်ကို ပေါင်မုန့်  နဲ့ ဝင်သိမ်းဖို့ ရာ ပေါင်မုန့် တွေ ဖုတ်နေပါတယ် ။ လေကျောင်းအင်ဂျင်နီယာ ဘာသာရပ်ကို ရိုးနံပါတ် ၀မ်း နဲ့ ဝင် လာခဲ့ပြီး အော်ဂင် အတီးကောင်းသူ ။မြန်မာသီချင်းအဆိုကောင်းသူ အော်ဂင်ဆ၇ာတယောက် က တော့ အဆက်အသွယ်မ၇ပါဘူး။ မြင်းလှည်းမောင်းနေလိမ့်မယ်ထင်ပါတယ်။ သူ့ ကို မြင်းလှည်းဂိတ်မှာ အသုံးချဖို့ ၇ာ ကျားထိုးနည်း ကျနော် ကောင်းကောင်းသင်ပေးလိုက်ပါတယ်။ အလုံထဲရောက်တော့ သူ့ ကို အထင်လွဲ ခဲ့တာတွေ ရှိပါတယ်။ ကြုံ၇င် တောင်းပန်တယ်လို့ ပြောပေးကြပါ။ မြင်းလှည်းဂိတ်မှာ ကျားထိုးရင်တော့ ကျနော် ကို ကျေနပ်သွားမှာလို့ လဲ ယူဆပါ ရဲ့ ။ အဲ ကျနော် က တော့ ကင်မီကယ် က ညီတော်နောင်တော်တွေ ထုတ်တဲ့ အနာ၈ါတ် ယမကာ ထုတ်လုပ်ရေးမှာ ဆားမြည်းတဲ့တနေရာ လျှောက်မယ်ဆို တဲ့ ရည်ရွယ်ချက်နဲ့ နော်ဝေ မှာသောက်နေပါတယ်။ လမ်းမီးတိုင်တွေ လို ။ ညည့်မှောင် ကျလေလေ ဝေဒနာ တွေ နဲ့ ပိုမို လင်းလက်တောက်ပလာမယ် ဆို တဲ့ တယောက် က တော့ အင်ဂျင်က ဆီစားများပြီး ကျနော် တို့ ကို အပြီးအပိုင်နုတ်ဆက်သွားခဲ့ပါပြီ။ မှတ်မိကြမှာပါ။ အသားဖြူ ဖြူ ဆံပင်။ ကျောလယ်လောက် နဲ့ တယောက်ကို ။ သူ့ အတွက်တောင် ဘာအမှတ်တရ မှ မရေးဖြစ်သေးပါဘူး။ အဲ နောက်ဆုံး ကျနော် တို့ ၇ဲ့ ဗုဒ~ဓ ဘာသာ အတွင်းေ၇းမှုးကတော့ ကျောင်းထဲကို နောက်ဝင်လာတဲ့ ခလေးတွေ ထဲက တယောက်နဲ့ အိမ်ထောင်ကျပြီး စ လုံးမှာအင်ဂျင်နီယာလုပ်ပြီးအမိမြန်မာပြည်ကို အလုပ်အကျွေး ပြု နိုင်နေပါပြီလို့ ကြား၇ပါတယ်။ အဆက်အသွယ် မ၇ပါဘူး။

နောက်တယောက်ကတော့ အမေ၇ိက မှာကျောင်းတက်နေတယ် ထင်ပါရဲ့ ။ သူလဲ ဒီလိုပါဘဲ အဆက်အသွယ်မရပါဘူး။ ဒီစာမျက်နှာလေး ကို တွေ့ ၇င် ရှေးဟောင်း နှောင်းဖြစ်ကလေး တွေ ၀င်ပြိးေ၇းကြပါဦးလို့  စာပို့ လိုက်ပါ၇စေ။ ပုံရိပ်တွေ ၇ဲ့ ဒုတိယ ပိုင်းကို ဆက်လက် တတ်နိုင်သလောက်ဆက်လက်သယ်ဆောင်ချင်လို့ ပါ။

http://www.youtube.com/watch?v=9-80WGzkQog

Comments»

1. မဟာ - January 2, 2010

အိမ်က…ထွက်လာတုန်းကအနီးလေးပါဗျာ…
လှည့်ပြန်မယ်ဆိုပီး…ပြန်တော့လည်း…
မရောက်နိုင်ဘူး…
အဝေးကြီး…လား…

2. ဘူဇွာကျော် - January 2, 2010

အမှတ်တရလေးတွေပေါ့….
အားလုံးကို သတိ၇ပါတယ်…
အဲဒီတုန်းက ပီတီယူ အကြောင်း
ကားခေါင်မိုးပေါ်က ကားစုတ်လေးကိုစီး ..
ပြုတ်ကျသူ ပြုတ်ကျ…
လယ်ပြင်ထဲမှာ မြွေကိုက်တဲ့ ကျောင်းသားက ကိုက်..
အဆောင် ဆိုတာက ၀ါးနဲ့ ဆောက်ထားတဲ့ အဆောင်….
အိမ်အောက်မှာ ရွာသားတွေက နွားမွေး.. ၀က်မွေး…
သစ်ပုတ်ပင် အတု လက်ခုပ်ပင်ကြီး….
ဖုန်ထူတဲ့ ပြည်နေပူ…………..
အဲဒီ ကျောင်းတော်ကြီးအကြောင်း.ပေါ့ဗျာ…
အခု အဲဒီ နေရပ်၊ အဲဒီကျောင်းမှာ …ကျောင်းတက်နေတဲ့ ကောင်မလေးတစ်ယောက်ကို ချက်ထဲမှာ ပြောမိလိုက်တော့… သူတို့ရဲ့ ကျောင်းတော်မဟာကြီးကို စော်ကားလှချည်လားတဲ့ဗျာ……….

3. zg - April 8, 2010

လွမ်းတယ်ရခိုင်ရေ
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အချိန်တွေ
အချိန်ကာလ တိုက်စားမှု အောက်မှာ မှတ်မှတ်ရရရှိနေတာ ကျောင်းတုန်းက ဘ၀တွေပဲ


Leave a comment